Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 36 - Ya-Sin
Translation by Alin U Yin — Permalink
Verse 68 — Surah Ya-Sin 36:68
စင်စစ် ငါအရှင်မြတ်က သက်တမ်းရှည်စေတော်မူသောပုဂ္ဂိုလ် မည်သူမဆိုသည် (သူ့သက်တမ်းတစ်လျှောက် ဖွံဖြိုးတိုးတက်လာခဲ့သော ကြီးထွားသန်မာမှု အသိပညာဗဟုသုတကြွယ်ဝမှုကို မွေးကင်းစများပ မာ အားနွဲ့သူ့နှင့်အသိသတိမဲ့နေသောသူငယ်ပြန်သူ ဖြစ်စေတော်ရန်) သူ့ခန္ဓာကိုယ် ဖွဲ့စည်းဖြစ်တည်စေမှုဆိုင်ရာ ဖြစ်စဉ်၌ ပြောင်းပြန်ဖြစ်စေတော်မူ၏။ သို့ပါလျက် သင်တို့သည် (ဆင်ခြင်တုံတရားကို သုံး၍) တွေးခေါ်ဆင်ခြင် သိနားလည်ခြင်း မရှိသင့်သလော။