Back to Languages

Burmese - Chapter 36 - Ya-Sin

Translation by Alin U Yin — Permalink

Verse 81 — Surah Ya-Sin 36:81

မိုးကောင်းကင်များနှင့်မြေကမ္ဘာကို စည်းမျဉ်းနိယာမတော်များနှင့်တကွ (စည်းဘောင်သတ်မှတ်ပြဌာန်းပေးတော်မူ၍) ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းရှိတော်မူသောအရှင်မြတ်သည် သူတို့အား (ပုပ်သိုးဆွေးမြည့်ကာ မြေမှုန်များ ဖြစ်ပြီးနောက် ဒုတိယအကြိမ် ထပ်မံ၍ အလားတူ) ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းရှိတော်မူသော အရှင်မြတ်ပင် မဟုတ်လော။ (မုချဧကန် ဖြစ်တော်မူ၏)။ အမှန်မှာ အရာခပ်သိမ်းတို့၏မူလဘူတ၊ ပင်ကိုယ်အရင်းအမြစ်ဟူသမျှကို ထိုအရှင်တစ်ဆူတည်းကသာ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရာခပ်သိမ်းတို့၏အချက်အလက် အသေးစိတ်ကိုလည်း အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။