Back to Languages

Burmese - Chapter 36 - Ya-Sin

Translation by Alin U Yin — Permalink

Verse 83 — Surah Ya-Sin 36:83

သို့ဖြစ်ပေရာ အရာခပ်သိမ်းတို့ကိုစိုးမိုးအုပ်ချုပ်သော အခွင့်အာဏာသည် (အရာခပ်သိမ်းကို ယင်းတို့၏ ဖွဲ့စည်းဖြစ်တည်မှုနှင့်တိမ်ကောမှုဆိုင်ရာ စည်းမျဉ်းနိယာမများနှင့်တကွဖြစ်စေတော်မူသော) ထိုအရှင်မြတ်၏ (အစိုးရသော အချုပ်အခြာအာဏာအတွက် တင်စားထားတော်မူသော) လက်တော်၌သာ ရှိနေကြောင်းနှင့်သင်တို့ အားလုံးသည် ထိုအရှင်မြတ်ထံတော်သို့သာ ဦးလှည့်ပြန်စေတော်မူလိမ့်မည် ဖြစ်သော ကြောင့် (ထိုအရှင်မြတ် သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်း အားဖြင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။