Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 37 - As-Saffat
Translation by Alin U Yin — Permalink
Verse 102 — Surah As-Saffat 37:102
ထို့နောက် (တမန်တော်အီဗ်ရာဟီးမ်၏) သားတော်သည် သူနှင့်အတူ (ဘဝလိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန်) ရုန်းကန်လှုပ်ရှားနိုင်သော အရွယ်သို့ ရောက်သောအခါ သူက ''အို၊ ချစ်သား၊ ဧကန်ပင်၊ ကျွန်ုပ်သည် အိပ်မက်တွင် အသင့်အား စွန့်လှူစတေးနေသည်ကို အမှန်ပင် မြင်မက်ခဲ့၏။ သို့ဖြစ်ပေရာ (ထိုမြင်မက်ခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍) စဉ်းစားဆင်ခြင်သုံးသပ်ပြီး သင်၏အမြင်က မည်သို့နည်း။'' (ဟုသည်ကို ပြောလော့။)။ သားက ''အို၊ ခမည်းတော်၊ ခမည်းတော်အား စီမံချက်အမိန့်တော်ချမှတ်ပေးတော်မူသည့်အတိုင်းသာ လိုက်နာ ဆောင်ရွက်ပါလော့။ အလ္လာဟ်အရှင်မြတ်က အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ခမည်းတော်က ကျွန်တော့်အား (အရှင့်အမိန့်တော်ကို နာခံလိုက်နာရာတွင်) ခန္တီသည်းခံ့ကြံ့ခိုင်မှုမြဲမြံသူတို့အနက်မှ တစ်ဦးဖြစ်ကြောင်း အမှန်ပင် တွေ့ရပါလိမ့်မည်။” ဟု ဖြေကြားလေ၏။