Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 37 - As-Saffat
Translation by Alin U Yin — Permalink
Verse 11 — Surah As-Saffat 37:11
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့ကို “သူတို့အား ဖွဲ့စည်းဖြစ်တည်စေခြင်းသည် ပိုမို၍ အထင်ကြီးစရာ ခဲယဉ်းစရာ ဖြစ်သလော၊ သို့မဟုတ် ငါအရှင်မြတ် ဖွဲ့စည်းဖြစ်တည်စေတော်မူသော (စကြဝဠာ၊ ကြယ်နက္ခတ်၊ မိုးကောင်းကင်၊ မြေကမ္ဘာ၊ သက်သက်မဲ့ အစရှိသည့်) ဖွဲ့စည်းဖြစ်တည်စေတော် မူခြင်းခံရသောအရာများသည် ပိုမို၍ အထင်ကြီးစရာ ခဲယဉ်းစရာ ဖြစ်သလော။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အား စေးကပ်သောမြေစေးဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။” ဟု မေးမြန်းလော့။