Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 37 - As-Saffat
Translation by Alin U Yin — Permalink
Verse 113 — Surah As-Saffat 37:113
တစ်ဖန် ငါအရှင်မြတ်သည် (တမန်တော်) အီဗ်ရာဟီးမ်၏အပေါ်၌လည်းကောင်း၊ (တမန်တော်) အစ် ဟာက်၏အပေါ်၌လည်းကောင်း၊ ဂုဏ်သိက္ခာနှင့်ကျေးဇူးတော်များ ချီးမြှင့်ပေးအပ်တော်မူ၍ ကျက်သရေ မင်္ဂလာ ရှိစေတော်မူခဲ့၏။ ထို့ပြင် သူတို့နှစ်ဦးစလုံး၏သားစဉ်မြေးဆက်တို့အနက်မှလည်း မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှ ကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်း ဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) များနှင့် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် သူကိုယ်တိုင် အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ သူများလည်း ရှိခဲ့ကြ၏။