Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 37 - As-Saffat
Translation by Alin U Yin — Permalink
Verse 158 — Surah As-Saffat 37:158
ထို့ပြင် သူတို့သည် (သူတို့၏ထင်မြင်ယူဆချက်ဖြင့် အမျိုးမျိုးအပုံပုံ ဇာတ်ခင်းကြလျက် နတ်များ၊ ရုပ်ပွားဆင်းတုများကို ဆည်းကပ်ကိုးကွယ်ရခြင်း၏ဆင်ခြေအကြောင်းရင်းအဖြစ် တင်ပြနိုင်ရန်) ထိုအရှင်မြတ်နှင့်ဂျင်န်(န်) တို့ကြား ဆွေမျိုးတော်စပ်မှုကို ကြံစည်ဖန်တီးခဲ့ကြ၏။ အမှန်စင်စစ်သော်ကား ဂျင်န်(န်) တို့ကိုယ်တိုင် သည်ပင် (သူတို့လည်း အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသောအစေခံများသာဖြစ်ပြီး ပြစ်မှုကျူးလွန်မိလျှင် အရှင့်ရှေ့တော်မှောက်၌) အမှန်ပင် တရားဝင်စွဲချက်ဖြင့် အရေးယူခံရရန် ရောက်ရှိစေခြင်းခံကြရမည့်သူများ ဖြစ်ကြောင်းကို ကောင်းစွာ သိနေကြ၏။