Back to Languages

Burmese - Chapter 37 - As-Saffat

Translation by Alin U Yin — Permalink

Verse 182 — Surah As-Saffat 37:182

ထို့ပြင် (ကမ္ဘာဦးမှစ၍ တမလွန်ဘဝအထိ မည်သူမဆိုဖြစ်စေ၊ မည်သည့်နည်းဖြင့်ဖြစ်စေ၊ မည်သူ့ကို ပင်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ ချီးမွမ်းနိုင်ခြင်းနှင့်ကျေးဇူးတင်နိုင်ခြင်းသည် ထိုကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှု နှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။