Verse 18 — Surah Sad 38:18

ဧကန်ပင်၊ ငါအရှင်မြတ်သည် (တမန်တော်ဒါဝူးဒ်၏ဩဇာခံများထဲတွင် တောင်တန်းဒေသနေ ယဉ်ကျေး မှု၊ မတွန်းကားသေးသော လူ့အဖွဲ့အစည်းနှင့်မြို့နေလူ့အဖွဲ့အစည်းများ ပါဝင်ရုံသာမက ထိုအရှင်မြတ် သည် ချို့တဲ့မှု လုံးဝ ကင်ရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ရန်အလို့ငှာ တောင်များနှင့်ငှက်တိရစ္ဆာန်များ ကိုလည်း (အသုံးခံဩဇာခံများ ဖြစ်စေတော်မူလျက်) ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ ဒါဝူဒ်နှင့်အတူ (အရှင်မြတ်အား) နာခံလိုက်နာစေတော်မူခဲ့၏။