Verse 2 — Surah Sad 38:2

သို့သော်ငြားလည်း အမှန်မှာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ကြသောသူ) တို့သည် သူတို့ကိုယ်သူတို့ အထင်ကြီးလျက် ဂုဏ်သိက္ခာ၊ မက်မောမှုနှင့်ပြိုင်ဘက်ကိုယ်စီဖြင့် ဂိုဏ်းဂဏစွဲများတွင် (နစ်မြုပ်နေကြခြင်းဖြင့် အမှန်တရားသစ္စာကို စူးစမ်းလေ့လာခြင်းမရှိဘဲ သတိတရားရခြင်းမှ ကင်းဝေးလျက်) ရှိနေကြ၏။