Verse 22 — Surah Sad 38:22

သူတို့သည် (တမန်တော်) ဒါဝူးဒ် (၏ထိုအခန်းထဲ) သို့ ဝင်ရောက်၍ သူနှင့်တွေ့ဆုံခဲ့ကြသောအခါ သူသည် သူတို့အား (မြင်၍ တအံ့တဩဖြစ်လျက်) လန့်သွားခဲ့ရာ သူတို့က “အတိတ်တလန့်မဖြစ်ပါလေနှင့်။ (ကျွန်ုပ်တို့သည်) အချင်းချင်း တစ်ဦးပေါ်တစ်ဦး မတရားကျူးလွန်မိကြသော အမှုပြိုင်နှစ်ဦး ဖြစ်သောကြောင့် ကျွန်ုပ်တို့ ကြား၌ အမှန်တရားသစ္စာဖြင့် အမှန်ကို စီရင်ဆုံးဖြတ်ပေးပါ။ ထို့ပြင် မတရားမဖြစ်ပါစေနှင့်။ ကျွန်ုပ်တို့အား ညီမျှပြေပြစ်၍ ဖြောင့်မတ်တည်ကြည်သောလမ်းစဉ်ကို ညွှန်ပြပါ။”ဟု ပြောခဲ့ကြ၏။