Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 23 — Surah Sad 38:23
(သူတို့နှစ်ဦးအနက်မှ တစ်ဦး အမှုကိစ္စနှင့်စပ်လျဉ်း၍) “ဧကန်စင်စစ်၊ ဤပုဂ္ဂိုလ်သည် ကျွန်ုပ်၏အစ်ကို ဖြစ်ပြီး သူ၌ သိုးမ ကိုးဆယ့်ကိုးကောင်ရှိ၍ ကျွန်ုပ်တွင်မူ သိုးမတစ်ကောင်တည်းသာ ရှိပါသည်။ သို့ပါလျက် သူက '' ယင်း သိုးမကိုလည်း ကျွန်ုပ်အား လွှဲအပ်လော့။''ဟု ပြောဆိုပါသည်။ ထို့ပြင် သူသည် စကားပြောရာ၌လည်း ပြင်းထန်လွန်း၍ ကျွန်ုပ်အား အနိုင်ကျင့်ပါသည်။” ဟု တင်ပြခဲ့၏။