Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 24 — Surah Sad 38:24
(ထိုစဉ် တမန်တော်) ဒါဝူးဒ်က “သူသည် သင်၏သိုးမကို သူ့သိုးမများနှင့်ပေါင်း၍ သူ့သိုးမဖြစ်စေရန် တောင်းဆိုခြင်းအားဖြင့် မုချဧကန်၊ အသင့်အား မတရားမိုက်မှားခဲ့လေ၏။ စင်စစ်မူကား သက်ဝင်ယုံကြည် ၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက်တည်ကြသူတို့မှအပ များစွာသော စီးပွားရေးလုပ်ဖော် ကိုင်ဖက် (အစုစပ်လုပ်ကိုင်သူ) တို့သည် တစ်ဦးအပေါ်တစ်ဦး အမှန်ပင် မတရားကျူးလွန်မိုက်မှား၍ ခေါင်းပုံ ဖြတ်လေ့ရှိကြ၏။ ထိုသို့မလုပ်သောသူတို့မှာ အလွန်နည်းသော လူနည်းစုသာ ဖြစ်၏။ ထို့နောက် (တမန်တော်) ဒါဝူးဒ်သည် သူ့အား ငါအရှင်မြတ် စမ်းသပ်တော်မူခြင်းသာဖြစ်ကြောင်း ထင်မှတ်လျက် (အမှန်တရားကို နားလည်သဘောပေါက်၍) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံသည့် အနေဖြင့် ဦးညွှတ်လျက် အသနားခံပြီး နောင်တဖြင့် အရှင်မြတ်ဘက်သို့ (စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) ပြန်လှည့်ခဲ့လေ၏။