Verse 25 — Surah Sad 38:25

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူ့အား ထိုကိစ္စအတွက် ခွင့်လွှတ်တော်မူခဲ့၏။ မုချဧကန်၊ ငါအရှင် မြတ်ထံတော်၌ သူ့အတွက် (ထူးကဲမြင့်မြတ်သော သူတော်စင်အဆင့်ဖြစ်သည့် နာမ်ရေးရာအားဖြင့် အရှင် မြတ်နှင့်) အနီးစပ်ဆုံးဖြစ်ခြင်းကိုလည်းကောင်း အကောင်းမြတ်ဆုံး ပြန်လည်ရာဌာနကိုလည်းကောင်း၊ အမှန်ပင် ရှိစေတော်မူ၏။