Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 26 — Surah Sad 38:26
အို၊ ဒါဝူးဒ်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင့်အား (အရှင့်အမိန့်တော်များနှင့်အညီ အုပ်ချုပ်၍) မြေကမ္ဘာ၌ (အရှင့်ဂုဏ်တော်များဖြစ်သော သနားကြင်နာခြင်း၊ မေတ္တာထားခြင်း၊ ကူညီစောင်မခြင်း စသည်တို့ကို ထင်ရှားစေမည့်) ကိုယ်စားလှယ်တော်တစ်ဦးအဖြစ် ခန့်အပ်တော်ဂမူခဲ့ပေရာ အသင်သည် လူတို့ကြား၌ အမှန် တရားသစ္စာဖြင့် တရားစီရင် ဆုံးဖြတ်လော့။ ထို့ပြင် အသင်သည် ကိုယ်ပိုင်အလိုဆန္ဒနောက်သို့ မလိုက်စား လေနှင့်။ သို့လိုက်စားခဲ့မူ ယင်း (ကိုယ်ပိုင်အလိုဆန္ဒ) သည် သင့်အား အရှင်မြတ်၏လမ်းစဉ်တော်မှ လွဲချော်စေရန် ဦးဆောင်ပေလိမ့်မည်။ ဧကန်စင်စစ်၊ အရှင်မြတ်၏လမ်းစဉ်တော်မှ လွဲချော်သွားသူတို့သည် တမလွန်၌ စစ်ဆေး မေးမြန်း၍ စာရင်းရှင်းမည့် နေ့ကို မေ့လျော့ခဲ့ကြခြင်းကြောင့် သူတို့အတွက် ပြင်းထန်လှသော ပြစ်ဒဏ်ရှိ၏။