Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 3 — Surah Sad 38:3
ငါအရှင်မြတ်သည် သူတို့မတိုင်မီ (သူတို့ကဲ့သို့ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသော မျိုးဆက်များအနက်မှ) သူတို့၏မြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ သွားလာလှုပ်ရှားခဲ့ကြသော မျိုးဆက်ပေါင်း မည်ရွေ့ မည်မျှကို တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်း (သမိုင်းစာမျက်နှာများတွင် စူးစမ်းလေ့လာ ကြည့်ကြလော့)။ နောက်ဆုံးတွင် သူတို့သည် အကူအညီအတွက် ဟစ်အော်မြည်တမ်းခဲ့ကြသော်လည်း (အချိန်နှောင်းခဲ့ပြီဖြစ်ရာ သူတို့၏နောင်တရမှုက အကျိုးမဲ့စေလျက် သူတို့အတွက် ပြစ်ဒဏ်မှ) လွတ်မြောက်စရာ အချိန်ကာလဟူ၍ အလျှင်း မရှိခဲ့ပေ။