Verse 32 — Surah Sad 38:32

(ထိုစစ်မြင်းများကို တမန်တော်စုလိုင်မာန်က တခဏတာ ရှုစားပြီနောက်) သူက “ဧကန်ပင်၊ ကျွန်ုပ်သည် (ဤစစ်မြင်းများကို ယင်းတို့ ပြေးလွှားလျက်) ကန့်လန့်ကာစည်းခြား နောက်ကွယ်သို့ ရောက်သည်အထိ နှစ်သက်မြတ်နိုးခြင်းသည်လည်းကောင်း၊ အခြားနှစ်သက်စရာ ကောင်းမြတ်သည့်အရာများကို နှစ်သက်မြတ်နိုး ခြင်းသည်လည်းကောင်း၊ (ယင်းတို့သည် ယင်းတို့၏ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းအရ ကျွန်ုပ်ကို) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို သတိရစေသည့်အတွက်သာ ဖြစ်၏။