Verse 34 — Surah Sad 38:34

ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (တမန်တော်) စုလိုင်မာန်အား စမ်းသပ်တော်မူခဲ့ပြီး သူ့ပလ္လင်ပေါ်ဝယ် ရုပ်ကလပ်တစ်ခုကို ခင်းကျင်းချထားစေတော်မူခဲ့၏။ ထို့နောက် သူသည် (ခဝါချ၍ ဝန်ချတောင်းပန်လျက် အရှင်မြတ်ဘက်သို့) ပြန်လှည့်ခဲ့လေ၏။