Verse 35 — Surah Sad 38:35

(တမန်တော်) စုလိုင်မာန်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ်၊ ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာပေးတော်မူပါ။ ထို့ပြင် ကျွန်ုပ်၏နောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ (မပိုင်ဆိုင်) မသင့်တော်၊ မလိုက်ဖက်သည့် အချုပ်အခြာအာဏာကို ကျွန်ုပ်အား ချီးမြှင့်တော်မူပါ၊ ဧကန်စင်စစ်၊ အရှင်မြတ်သည် အလွန် ရက်ရောစွာ ပေးကမ်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါ။”ဟု ဆု တောင်းခဲ့၏။