Verse 4 — Surah Sad 38:4

စင်စစ်မှာမူကား သူတို့သည် မိမိတို့အနက်မှပင် သတိပေနှိုးးဆော်သူတစ်ဦး ရောက်ရှိ၍လာခဲ့ခြင်းကို အံ့သြထူးဆန်းစရာအဖြစ် ထင်မြင်ယူဆခဲ့ကြ၏။ ထို့ပြင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေ ဖည် ငြင်းဆန်သူ) တို့က ဤပုဂ္ဂိုလ်သည် မှော်ပယောဂဆရာတစ်ဦးဖြစ်ပြီး (သူကိုယ်တိုင် ကြံစည် ဖန်တီးထားသည်ကို အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြောဆိုနေသော) လိမ်လည်သူတစ်ဦးပင် ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြ၏။