Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 44 — Surah Sad 38:44
ထို့ပြင် (တမန်တော် အိုက်ယူဗ် နာမကျန်းဖြစ်စဉ် သူ့အမျိုးသမီးက အမှားတစ်ခု ကျူးလွန်မိခြင်းအတွက် ကျိန်ဆိုခဲ့ရာ အရှင်မြတ်သည် သူ့အား) သင်သည် လက်တွင်းဝယ် ကျူပင်တစ်စည်းကို ဆုပ်ကိုင်၍ ယင်းဖြင့် ရိုက်လော့။ ထို့ပြင် သင်၏သစ္စာဆိုမှုကို မချိုးဖောက်မိလေနှင့်။”ဟု မိန့်တော်မူခဲ့၏။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူ့အား ခန္တီသည်းခံကြံ့ခိုင်မှုနှင့်သစ္စာရှိမှုမြဲမြံသူအဖြစ် တွေ့ရှိတော်မူခဲ့၏။ (တမန်တော်အိုက်ယူဗ်သည်) အလွန်ပင် ထူးကဲပြောင်မြောက်သော အစေခံအမှုတော်ဆောင်တစ်ဦးပင် ဖြစ်ပေ၏။ ဧကန်ပင်၊ သူသည် (ငါအရှင် မြတ်ထံတော်သို့ လွန်စွာ ဝန်ချတောင်းပန် အသနားခံပန်ကြားလျက်) ပြန်လှည့်သူပင် ဖြစ်ခဲ့၏။