Verse 49 — Surah Sad 38:49

ဤ (ကျမ်းတော်) သည် (လူသားတို့အတွက် အကောင်းဆုံးစံနမူနာယူဖွယ်ရာများတွင် ပါဝင်စေတော်မူ လျက် ဖော်ပြထားတော်မူသည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (သတိပေးတရားတော်) ပင် ဖြစ် ၏။ ဧကန်ပင်၊ မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူ) တို့အတွက် အကောင်းမြတ်ဆုံး ပြန်လည် ရာဌာနသည် အမှန်ပင် ရှိစေတော်မူ၏။