Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 6 — Surah Sad 38:6
ထို့ပြင် သူတို့အနက်မှ အကြံပေးအကြီးအကဲများက (လက်အောက်ငယ်သားများအား လှုံ့ဆော်ရန်) ထွက်လာကြပြီး “ဆက်လက်ရှေ့တိုး၍ လှုပ်ရှားကြလော့။ ထို့ပြင် သင်တို့၏ (မိရိုးဖလာ) ကိုးကွယ်ရာများအ ပေါ် (မားမားမတ်မတ်ရပ်တည်လျက် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံကြလော့။ ဧကန်ပင်၊ ဤသည် (ထိုပုဂ္ဂိုလ်နှင့်သူ့နောက်လိုက်များက တမင်တကာ ကြံစည်၍) ရည်ရွယ်ဆောင်ရွက်စေသောအရာတစ်ခု အမှန်ပင် ဖြစ်၏။