Verse 65 — Surah Sad 38:65

(အို၊ ရစူလ်တမန်တော် သူတို့အား) “ကျွန်ုပ်သည် သတိပေးနှိုးဆော်သူ တစ်ဦးသာလျှင်ဖြစ်၏။ ထို့ပြင် ဧကောဒိတစ်ဆူတည်းဖြစ်တော်မူသော (အရာခပ်သိမ်းအပေါ်) အနှိုင်းမဲ့၊ နိုင်နင်းလွှမ်း မိုးတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပေ။”ဟု ဟောပြောလော့။