Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 66 — Surah Sad 38:66
(ထိုအရှင်မြတ်သည်သာလျှင်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့နှစ်ခုကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်၊ လူ သားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင် နင်းလွှမ်းမိုး တော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။