Verse 71 — Surah Sad 38:71

(သတိရလော့)။ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် သည်သော ''မလာအီကာ ကောင်းကင်စေတမန်တို့အား “ဧကန်ပင်၊ ငါအရှင်မြတ်သည် (သေမျိုးဖြစ်သော) လူသားတစ်ဦးအား မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ (ပြီး ကမ္ဘာဂြိုဟ်ကို ကိုယ်စားပြုသူအဖြစ် ဖြစ်စေ တော်မူ) မည်။” ဟု မိန့်တော်မူခဲ့စဉ်။