Verse 76 — Surah Sad 38:76

(အီဗ်လီစ်စေတန်မိစ္ဆာကောင်ဖြစ်သော) သူက “ကျွန်ုပ်သည် သူ့ထက် မြင့်မြတ်ပါ၏။ အရှင်မြတ်သည် ကျွန်ုပ်အား မီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ထိုလူသားကိုမူကား မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ ၏။''ဟု လျှောက်ထားဖြေဆိုခဲ့လေ၏။