Verse 8 — Surah Sad 38:8

ကျွန်ုပ်တို့အားလုံးအနက်မှ သူ့အပေါ်၌သာလျှင် ဆုံးမသြဝါဒများပါရှိသည့် ထိုသတိရ တသ၍ ထုတ်ဖော် ဖွင့်ဟစရာကို ချမှတ်ပေးအပ်ခြင်းခံရလေသလော။ အမှန်စင်စစ် သူတို့သည် (သူတို့ကိုယ်သူတို့ အထင် ကြီးလျက် ဂုဏ်သိက္ခာမက်မောမှုကြောင့်) ငါအရှင်မြတ်၏ဆုံးမသြဝါဒများပါရှိသည့် ထိုသတိရ တသ၍ ထုတ်ဖော်ဖွင့်ဟ စရာနှင့်စပ်လျဉ်း၍ (သို့လောသို့လောဖြစ်လျက်) ဒွိဟသံသယ၌ပင် ရှိနေကြ၏။ စင်စစ်မူကား သူတို့သည် (မောက်မာမှုနှင့်အမှန်တရားကို ငြင်းပယ်မှုအားစွန့်လွတ်ရသည်အထိ) ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းစေတော် မမူသေးသောကြောင်​ဖြစ်၏။