Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 38 - Sad
Translation by Alin U Yin — Permalink
Verse 9 — Surah Sad 38:9
သူတို့ထံ၌ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ (လူသား တို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း) အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ပေးကမ်းတော်မူသော အရှင်မြတ်၏ကရုဏာတော်ဆိုင်ရာ တနာသိုက် (ဘဏ္ဍာတော်) များကို ပိုင်ဆိုင် ထိန်းသိမ်းထားကြလေသလော။