Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 105 — Surah An-Nisa 4:105

ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင်တမန်တော်အပေါ် အမှန်တရားသစ္စာနှင့်အတူ ဤကျမ်းတော်ကို ထုတ်ပြန်ချမှတ်ပေးအပ်တော်မူလျက် လူသားအချင်းချင်းကြား ဖြစ်ပေါ်လာသမျှ ပြဿနာအရပ်ရပ်၌ စီရင်ဆုံးဖြတ်နိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်က အသင် (တမန်တော်) အား လမ်းညွှန်ပြသတော်မူသည့်အတိုင်းသာ ဆောက်ရွက်ပြီး ယင်းကို အလွဲသုံးစားပြုရာရောက်သည့် လိမ်လည်လှည့်ဖြားသော သစ္စာဖောက်တို့အတွက် (မားမားမတ်မတ်ရပ်တည်ပေးခြင်းဖြင့်) အသနားခံတောင်းသူတစ်ဦး မဖြစ်ပါလေနှင့်။