Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 108 — Surah An-Nisa 4:108

သူတို့သည် (သူတို့၏မကောင်းသည့်လုပ်ရပ်များကြောင့် လူပုံအလယ်တွင် မျက်နှာမပြဝံ့ဘဲ) လူတို့မှ ပုန်းအောင်းနိုင်ရန် ရုန်းကန်နေကြသော်လည်း (မကောင်းမှု၏အကျိုးဆက်အဖြစ် ပြစ်ဒဏ်ပေးတော်မူမည့်) အလ္လာဟ်အရှင်မြတ်ထံတော်မှ ပုန်းအောင်းနိုင်ကြမည် မဟုတ်ပေ။ အကြောင်းမှာ ထိုအရှင်သည်ပင် သူတို့က ညအချိန်တွင် လျှို့ဝှက်ကြံစည်နေကြစဥ် သူတို့နှင့်အတူရှိတော်မူ၍ သူတို့ပြောဆိုဆွေးနွေးခဲ့ကြသမျှတွင် အရှင်မြတ်က နှစ်သက်တော်မမူနိုင်သည့် အကြောင်းအရာများ ပါနေခြင်းကြောင့် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့ ကြံစည်သမျှနှင့် ပြုမူကျင့်ကြံဆောင်ရွက်သမျှ အလုံးစုံတို့ကို ဝန်းခြုံဝန်းထားလျက် ရှိတော်မူ၏။