Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 111 — Surah An-Nisa 4:111
သို့သော် မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေလုပ်ဆောင်ကျင့်ကြံလျှင် ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိညာဉ်) ကို စိတ်ဆန္ဒအလိုအတိုင်း ရှာဖွေလုပ်ဆောင်ကျင့်ကြံခြင်းသာ ဖြစ်သောကြောင့် သူ့အပေါ် သာ ဦးစွာအကျိုးသက်ရောက်မည်ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ မျိုးရိုးဗီဇထဲ ၌ပါရှိသော စွမ်းရည်များကို ထည့်ပေးတော်မူရုံသာမက မည်သို့ အသုံးချရမည်ကိုလည်း (အရှင်မြတ်သာ) အကြွင်းမဲ့ သိတော်မူသောအရှင်၊ (စီရင်ဆုံးဖြတ်ချက်များအတွက် လမ်းညွှန်များချမှတ်ပေးရာ၌) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။