Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 114 — Surah An-Nisa 4:114
မည်သူမဆို ချို့တဲ့သူများအတွက် စွန့်လှူပေးကမ်းလှူဒါန်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သို့မဟုတ် (တရားတော်က ညွှန်ကြားထားသည့်အတိုင်း အရေးကိစ္စဟူသမျှတွင် ရိုးသားဖြူစင်စွာနှင့်) မျှတစွာ ကျင့်ကြံဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ သို့မဟုတ် လူသားအချင်းချင်းကြားတွင် (ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်တင်းမာမှုများကို သင့်မြတ်အောင် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များမှအပ (အခြား မည်သည့် လျှို့ဝှက်ကြံစည် ဆွေးနွေးတိုင်ပင်ခြင်းမျှပင်ဖြစ်စေ) ထိုလျှို့ဝှက်ဆွေးနွေးတိုင်ပင်မှုများအနက်မှ အများစု၌ ကောင်းကျိုးရှိသည် မဟုတ်ပေ။ သို့ဖြစ်၍ မည်သူမဆို (အရှင်မြတ်သွန်သင်ညွှန်ကြားတော်မူသည့်အတိုင်း) ထိုသို့ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီးလျက် (အရှင်အလိုရှိတော်မူသော ကိစ္စရပ်များကိုသာ) ပြုမူကျင့်ကြံဆောင် ရွက်ကြလျှင် ထိုသူအား မကြာမီ ငါအရှင်မြတ်က ကြီးမားသော အကျိုး ဆုလဒ်ချီးမြှင့်တော်မူလိမ့်မည်။