Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 123 — Surah An-Nisa 4:123

သင်တို့၏ထင်မြင်ယူဆချက်နှင့်အလိုဆန္ဒအတိုင်းသော်လည်းကောင်း၊ ကျမ်းရပုဂ္ဂိုလ်တို့၏ထင်မြင်ယူဆချက်နှင့်အလိုဆန္ဒအတိုင်းသော်လည်းကောင်း မဟုတ်ဘဲ (ဂျူး၊ ခရစ်ယာန်၊ မွတ်စလင်နှင့်အခြားဘာသာဝင်တို့အနက်မှ) မည်သူမဆို မကောင်းမှုအကုသိုလ်တစ်ခုခုကို ပြုမူကျင့်ကြံလုပ်ဆောင်လျှင် ထိုမကောင်းမှုနှင့်ညီမျှသည့် အကျိုးဆက်ကိုသာ ပေးဆပ်ရလိမ့်မည်။ သူသည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ) သူ့ကယ်တင်မှုအတွက် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီစောင်မသူအဖြစ် ရှာဖွေတွေ့လိမ့်မည် မဟုတ်ချေ။