Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 128 — Surah An-Nisa 4:128
ထို့ပြင် အကယ်၍ အမျိုးသမီးတစ်ဦးသည် သူမ၏လင်ယောကျာ်းဘက်မှ အနိုင်ကျင့်နှိပ်စက်မည့် အပြုအမူ သို့မဟုတ် ယောကျ်ားဖြစ်သူ၌တာဝန်ရှိသည့် စားဝတ်နေရေးနှင့်ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို မကျေပွန်ဘဲ သူမအား ဥပေက္ခာပြု စွန့်ပစ်ထားမည်ဟု စိုးရိမ်ကြောင့်ကြရသော် သူတို့နှစ်ကြားတွင် စေ့စပ်ညှိနှိုင်း၍ အဖြေရှာရန် သူတို့နှစ်ဦးစလုံးအပေါ် ဖိအားပေးပြီး သင့်မြတ်အောင်လုပ်ခြင်း၌ အပြစ်မထိုက်ပေ။ ထိုသို့ သင့်မြတ်အောင်လုပ်ခြင်းသည် အကောင်းဆုံး ဖြစ်၏။ လူတိုင်းနှလုံးသွင်းသင့်သည်မှာ လူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်သည် တစ်ကိုယ်ကောင်းဆန်သည့် မတော်လောဘ အလိုရမ္မက်ဘက်သို့ အစဉ် ယိမ်းယိုင်တိမ်းစောင့်လေ့ ရှိတတ်၏။ သို့ရာတွင် (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) အကယ်၍ သင်တို့သည် သင်တို့၏တာဝန်ကိုယ်စီကို ကျေပွန်ရုံ သက်သက်မဟုတ်ဘဲ တာဝန်ရှိသည်ထက်ပို၍ အကောင်းဆုံးဖြစ်အောင် လုပ်ကြပြီး အရှင်မြတ်ကို စို့ရွံ့ထိတ်လန့်လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ကျေပွန်ဆောင်ရွက်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ ကြားနေတော်မူသော သတင်းရနေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။