Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 130 — Surah An-Nisa 4:130

(ထိုသို့ စေ့စပ်ညှိနှိုင်း၍ သင့်မြတ်နိုင်အောင် ကြိုးစားခဲ့သော်လည်း ငြိမ်းချမ်းသာယာသည့်ဘဝအတွက် နှစ်ဦးနှစ်ဘက် လိုက်လျောမှုရှိနိုင်မည်မဟုတ်ကြောင်းကို စိုးရိမ်လျက်) အကယ်၍ နှစ်ဦးသဘောတူ ကွာရှင်း ခွဲခွါကြရန် ဆုံးဖြတ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင့်အတိုင်းအတာမဲ့ အလျှံပယ် (ကျယ်ပြန့်လှသည့် ကျေးဇူးတော်များ) မှ ကိုယ်စီကိုယ်ငှအား (ချို့တဲ့မှုနှင့်ခိုးကိုးရာမဲ့မှု ကင်း၍) မတောင့်တ မကြောင့်ကြရအောင် ပြည့်စုံစေတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အရှင့်ကျေးဇူးတော်ဖြင့် ပွေ့ဖက်ထားတော်မူလျက် အားလုံးအပေါ် ကျယ်ပြန့်စွာ လွှမ်းခြုံထားတော်မူသည့်အရှင်၊ လူ့ဘဝ၌ ကြုံတွေ့နေရသော ပြဿနာအလုံးစုံအ တွက် ကျိုးကြောင်းဆီလျော်သည့် စီရင်ထုံးများ ချမှတ်ပေးရာတွင် အလွန်ပင် ဉာဏ်အမြော်အမြင်တော်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။