Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 131 — Surah An-Nisa 4:131

ထို့ပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၌ ရှိသမျှအလုံးစုံကို အရှင်မြတ်ပင် ဖွဲ့စည်းဖြစ် တည်စေတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းတော်နှင့်အညီ လိုက်နာသုံးစွဲရန်) အတွက်သာ ဖြစ်၏။ ငါအရှင်မြတ်သည် သင်တို့မတိုင်မီ ကျမ်းစာပေးအပ်ခြင်းခံကြရသူတို့နှင့်သင်တို့ကို (စီးပွားရေး၊ လူမှုရေးနှင့်အိမ်ထောင်ရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြရန် အရှင့်အမိန့်တော်ဖြင့် ညွှန်ကြားတော်မူခဲ့၏။ သို့သော် အကယ်၍ သင်တို့က အရှင့်စည်းမျဉ်းတော်များကို မယုံကြည်သွေဖည်ငြင်းပယ်ကြ လျှင် (သင်တို့နှလုံးသွင်းသင့်သည်မှာ) မိုးကောင်ကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်း၌ရှိသော အရာဟူသမျှသည် အရှင့်စည်းမျဉ်းနိယာမတော်နှင့်အညီ ဖွဲ့စည်းဖြစ်တည်စေခြင်းသည် အရှင်မြတ်၏စည်းမျဉ်းတော်နှင့်အညီ သုံးစွဲရန်အတွက် သာဖြစ်၏။ (အသင်တို့ ကျေးဇူးမသိတတ်ဘဲ စည်းမျဉ်းချိုးဖောက်ကြလျှင်လည်း သင်တို့သာ နစ်နာစရာရှိ၏။) ထိုမျှမက အလ္လာဟ်အရှင်မြတ်သည်ပင် သက်ရှိအားလုံး အသက်ရှင်ရပ်တည်နိုင်ရန် လိုအပ်သမျှကို ဖြည့်ဆည်းပေးတော်မူပြီး လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ကျေးဇူးသိတတ်သူ အားလုံးအတွက် အကြိမ်ကြိမ် အဖန်ဖန် ကျေးဇူးတင် ချီးမွမ်းထိုက်တော်မူသောအရှင်ပင် ဖြစ်တော်မူ၏။