Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 148 — Surah An-Nisa 4:148
အလ္လာဟ်အရှင်မြတ်သည် ညှင်းပန်းနှိပ်စက်ခြင်းခံရသူများမှအပ လူလူချင်း ဆက်ဆံပြောဆိုရာတွင် လူသားတို့၏အပြောအဆိုများအနက် ကြမ်းတမ်းရိုင်းစိုင်းပြီး အကျိုးယုတ်စေသည့် မကောင်းကြောင်းများကို လူပုံအလယ်၌ ဖွင့်ဟပြောဆိုခြင်းအား နှစ်သက်တော် မမူပေ။ (လူတိုင်းသိထားသင့်သည်မှာ လူမှုဆက်ဆံရေး၌ ပြောဆိုသုံးစွဲသည့် အသုံးအနှုန်းများအနက် တစ်ဖက်သားအား ထိခိုက်နစ်နာအောင် ပြောဆိုသမျှအတွက် အရေး ယူခြင်းခံရမည်ဖြစ်ပြီး) အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် (လူသား တို့၏ပြောဆိုဆက်ဆံရေး အလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။