Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 22 — Surah An-Nisa 4:22

ကျမ်းတော်မြတ်ကုရ်အာန်ချမှတ်ပေးအပ်ခြင်းမခံရမီ လုပ်ခဲ့မိခြင်းမှအပ (ယခုအခါ) သင်တို့၏ဖခင်များ ဖြစ်ကြသော (အဖ၊ ဘိုး၊ ဘေး) တို့က ထိမ်းမြားခဲ့ပြီးသော အမျိုးသမီးများကို သင်တို့ ထိမ်းမြားခြင်း မပြုကြလေနှင့်။ ထိုသို့ပြုခြင်းသည် အမှန်ပင် အကျင့်ပျက်ဖောက်ဖြန်မှုနှင့်စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့် မကောင်းမှု ဖြစ်ရုံသာမက အလွန်ဆိုးရွားလှသော အကုသိုလ်လမ်းစဉ်ပင် ဖြစ်၏။