Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 26 — Surah An-Nisa 4:26
အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာဖြင့် ရှင်းလင်းချက်အဖြစ် တင်ပြစေရန် ရည်ရွယ်တော်မူပြီး ထိုသူတို့သည် သင်တို့ (အစ္စလာမ်လက်ခံခြင်း) မတိုင်မီ ရှိခဲ့သည့် လမ်းစဉ်များမှ သင်တို့ (က အစ္စလာမ့်လမ်းစဉ်တော်) ဘက်သို့ နောင်တရ၍ လှည့်နိုင်ကြရန် (အရှင့်ကရုဏာတော်ဖြင့်) သင်တို့ကို လမ်းညွှန်တော်မူနေခြင်း ဖြစ်၏။ ဧကန်ပင်၊ အရှင်မြတ်သည်သာလျှင် (လူ့ဘဝ၌ လူသားတို့ကြုံတွေ့နေရသော ပြဿနာအလုံးစုံကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (ထိုပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို ညွှန် ကြားတော်မူ၍ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။)