Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 33 — Surah An-Nisa 4:33

ငါအရှင်မြတ်သည် အမွေစားအမွေခံတိုင်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ဖြစ်၍ မိဘနှစ်ပါးနှင့် ဆွေမျိုးအရင်းအချာများ ချန်ထားခဲ့သော (ဓနဥစ္စာ၊ ပိုင်ဆိုင်မှုများနှင့်နည်းပညာများစသော အမွေဆက်ခံနိုင် သည့်) အရာများမှ သင်တို့၏လက်ဝယ်၌ (ယဉ်ကျေးမှုအရဖြစ်စေ၊ အလုပ်သဘောအရဖြစ်စေ၊ ကတိကဝတ် နှင့်စာချုပ်စာတမ်းများဖြင့်) လက်အောက်ခံအဖြစ် ရှိနေကြသူတို့ကိုလည်း သူတို့၏ အခြေအနေအရ ပေးသင့်ပေး ထိုက်သည့်ဝေစုများကို ပေးကမ်းကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၌ အညမညနှင့်သဟဇတဖြစ်စေတော်မူလျက် ထင်ရှားသောနိယာမတရားနှင့်သက်သေများ ထားရှိတော်မူသောအရှင်၊ သင်တို့က အရှင့်စည်းမျဉ်းတော်များကို လိုက်နာခြင်းရှိ၊ မရှိဟူသည်ကိုလည်း) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။