Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 48 — Surah An-Nisa 4:48
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြား (သော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာများကို ကိုးကွယ်ရန် ခွင့်ပြုတော်မမူဘဲ ထိုသို့ကိုးကွယ်ခြင်းမှလွဲ၍ (အခြားပြစ်မှု ဒုစရိုက်ကျူးလွန်သူတို့အနက်မှ) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော သူအား ခွင့်လွှတ်တော်မူနိုင်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသော ကိုးကွယ်ရာများကို တီထွင်ဖန်တီး၍ ယုံကြည်ကိုးကွယ်လျှင် ထိုသူသည် အလွန်ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ရာ ရောက်၏။။