Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 5 — Surah An-Nisa 4:5
ထို့ပြင် အလ္လာဟ်အရှင်မြတ်က သင်တို့ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ရင်နှီးမြှုပ်နှံလျက် စီမံခန့် ခွဲခွင့်ပြုစေတော်မူသော (ဓနဥစ္စာစွမ်းရည်နည်းပညာများနှင့်လက်နက်ကိရိယာဆိုင်ရာ) ပိုင်ဆိုင်မှုများအား (အမှန်တရားကို အာခံဆန့်ကျင်သော လူမိုက်များနှင့်) နုံအသူတို့ထံ မလွှဲအပ်ကြလေနှင့်။ သို့သော် သူတို့အတွက် (အစားအသောက်နှင့်ဆေးဝါးစသော) ရိက္ခာများကို စီမံထောက်ပံ့ရာတွင်လည်းကောင်း၊ အဝတ်အစား၊ အသုံးအဆောင် (နှင့်လူမှုရေးကိစ္စ) များတွင်လည်းကောင်း ယင်း (ပိုင်ဆိုင်မှုများ) ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်၏။ ထို့ပြင် သူတို့အား (ပိုမို၍ မှောင်မိုက်စေသည့် (သို့) ပိုမို၍ နုံအစေသည့် အပြောအဆိုများကို ရှောင်ကြဉ်၍) နားလည်အောင် ရှင်းပြလျက် အကြံကောင်းများဖြစ်သည့်) မျှတကောင်းမွန်ပြီး သိမ်မွေ့သော အပြောအဆိုများကို ပြောကြလော့။