Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 69 — Surah An-Nisa 4:69
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို (နာခံရန်တာဝန်ရှိသည့်အတိုင်း) နာခံကြလျှင် ထိုသူတို့သည် (တမလွန်ဘဝ၌ သုခဥယျာဉ်များထဲတွင်) အလ္လာဟ်အရှင်မြတ်က သူတို့အပေါ် (ပြည့်စုံသော လမ်းညွှန်တော်နှင့်အတူ မျက်နှာသာပေး၍) ဂုဏ်ပေးတော်မူခဲ့ပြီး ဖြစ်သောသူတို့အနက်မှ နဗီတမန်တော်များ၊ ဖြောင့်မတ်မှန်ကန်သူများ၊ (အရှင့်လမ်းစဉ်တော်၌ အသက်စွန့်၍) သက်သေတည်သူများ၊ (အပြောအဆိုနှင့်ပြူမူဆောင်ရွက်ချက်များကို တာဝန်ကျေပွန်စွာနှင့်) ဖြောင့်မတ်စွာ ဆောင်ရွက်သူများ၊ (ကိစ္စရပ်တိုင်း၌ အရှင်မြတ်က မြင်နေတော်မူကြောင်းကို နှလုံးသွင်းလျက်) အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူတို့နှင့်အတူ ရှိစေတော်မူလိမ့်မည်။ ထိုသူတို့သည် အဘယ်မျှ မွန်မြတ်လှသည့် မိတ်သဟာယများ ဖြစ်ကြပေသနည်း။