Back to Languages

Burmese - Chapter 4 - An-Nisa

Translation by Alin U Yin — Permalink

Verse 79 — Surah An-Nisa 4:79

(အို၊ လူသားတို့) သင့်ထံ ဖြစ်ပျက်ရောက်ရှိသော အကျိုးပြုသည့် ကောင်းမြတ်မှုဟူသမျှသည် အလ္လာဟ် အရှင်မြတ်၏ထံတော်မှသာဖြစ်ပြီး သင့်ထံ ဖြစ်ပျက်ရောက်ရှိလာသော အကျိုးယုတ်စေသည့် အကု သိုလ်၊ အဆိုး ဟူသမျှသည် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒ အတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဥ်ကြောင့်သာ ဖြစ်၏။ ငါအရှင်မြတ်သည် လူသား တို့အတွက် အသင် (တမန်တော်မုဟမ္မဒ်) ကို ရစူလ်တမန်တော်တစ်ပါးအဖြစ်သာ စေလွှတ်တော်မူ၏။ (အသင်က ရစူလ်တမန်တော်ဖြစ်ကြောင်းကို ထောက်ပြရန်) အလ္လာဟ်အရှင်မြတ်သည် သက်သေအဖြစ် လုံလောက်တော်မူ၏။ (အရှင်မြတ်နှင့်အတူ အရှင့်ကျမ်းတော်လည်းရှိ၏။)