Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 94 — Surah An-Nisa 4:94
အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်သည့်အခါ အခြေအနေကို ထင်ထင်ရှားရှား ကွဲပြားစွာ အသေးစိတ် သိနားလည်နိုင်သည်အထိ စိစစ်လေ့ လာကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဓနပစ္စည်းပစ္စယများ အလျှံပယ် ရှိသော်လည်း လောကီဘဝ၏ယာယီခံစားမှုကို ခေတ္တခဏသာ ခံစားရန် ရယူရှာဖွေလျက် သင်တို့အပေါ် အရှင့်ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ။"" ဟု မေတ္တာပို့၍ နှုတ်ဆက်ကြသူတို့အား ယုံကြည်သူမဟုတ်” ဟု မထင်မှတ် မပြောဆိုကြလေနှင့်။ သင်တို့သည် ယခင်က ထိုကဲ့သို့ပင် ဖြစ်ခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ ထိုသို့လောကီအ ကျိုးအတွက် လူသားဆန်မှုကို မှေးမှိန်စေခြင်းမှ ရှောင်ကြဉ်၍ အစ္စလာမ့်အခြေခံဖြစ်သော လူသားဆန်မှုကို အကော်အထည်ဖော်ရန်အလို့ငှာ အရှင့်အအမိန့်ပညတ်ချက်များအား သင်တို့အပေါ် ချမှတ်ပေးအပ်၍ အမှန်တရားကို ကွက်ကွက်ကွင်းကွင်း ထင်ရှားမြင်သာအောင် ရှင်းလင်းတင်ပြစေတော်မူခြင်းပင်ဖြစ်၏။