Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 95 — Surah An-Nisa 4:95
ယုံကြည်သူတို့အနက်မှ မသန်မစွမ်းသူများမဟုတ်ဘဲ (လူသားဆန်မှုကိုကာကွယ်ရန် အရေးပါသော စစ်ချီမှုအတွက် ပြင်ဆင်ရသည့်အခါ မည်သည့်လက်ခံဖွယ်ရာ ဆင်ခြေမျှကိုလည်း မပေးနိုင်ဘဲ စစ်ရှောင်လျက် အိမ်ထဲတွင် ထိုင်နေကြသူတို့နှင့်အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏အသက်စည်းစိမ်နှင့်နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်း အစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဥ်) တို့ဖြင့် ရုန်းကန်လှုပ်ရှားနေကြသူတို့မှာ ဂုဏ်အဆင့်အရ တူညီကြသည် မဟုတ်ပေ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ဖြင့် လုပ်ပိုင်ခွင့်ရသော သူတို့၏အသက်စည်းစိမ်နှင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တို့ဖြင့် ရုန်းကန်လှုပ်ရှားနေကြသူတို့သည် မလှုပ်ရှားဘဲ ထိုင်နေကြသူများထက် ဂုဏ်သိက္ခာအဆင့်အတန်းနှင့်အခွင့်အလန်း ပိုရှိကြ၏။ သူတို့တစ်ဦးချင်းစီအတွက် သူတို့၏ရုန်းကန်လှုပ်ရှားမှုနှင့်အညီ အကောင်းဆုံးနှင့်အမြတ်ဆုံး အကျိုးဆုလဒ်များ ပေးတော်မူရန် ကတိထားတော်မူပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကြောင့် အခွင့်အရေးရ၍ ရုန်းကန်လှုပ်ရှားနေကြသူတို့သည် မလှုပ်ရှားဘဲ ထိုင်နေကြသူတို့ထက် ပိုမို၍ ကြီးကျယ် မြင့် မြတ်သော အကျိုးဆုလဒ်ရစေတော်မူ၏။