Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 4 - An-Nisa
Translation by Alin U Yin — Permalink
Verse 97 — Surah An-Nisa 4:97
ဧကန်စင်စစ် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇ ထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူတို့၏စိတ်ဆန္ဒအလိုကျ အသုံးချခြင်း သူတို့ ကိုယ်သူတို့ မတော်မတရားလုပ်လျက် သူတို့၏ဘဝသက်တမ်းအား ကုန်ဆုံးစေပြီးနောက် မလာအိကဟ်စေတမန်က သူတို့၏အသက်ဇီဝိန်ကိုနှုတ်စဉ် သူတို့အား “အသင်တို့ မည်သည့်အခြေအနေမျိုးတွင် ရပ်တည်၍ ဘဝရှင်သန်ခဲ့သနည်း။” မေးမြန်းရာ သူတို့က ကျွန်ုပ်တို့သည် ကမ္ဘာဂြိုဟ်၌ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရ (ပြီးယုံကြည်မှုအတွက် လမ်းစရှာ မတွေ့နိုင်) သည့်အခြေအနေတွင်ရှိခဲ့ပါသည်။” ဟု ဖြေဆို၏။ (ထိုအခါ မလာအိကဟ်စေတမန်က) “အလ္လာဟ်အရှင်မြတ်၏မြေကမ္ဘာမျက်နှာပြင်သည် သင်တို့နယ်ရင်းစွန့်၍ ပြောင်းရွေ့နေထိုင်နိုင်လောက်သည်အထိ ကျယ်ပြန့်ခဲ့သည် မဟုတ်လော။” ဟု မေးခဲ့မည်။ (ဖိနှိပ်ချုပ်ချယ်ခံရမှုကို တော်လှန်ရန် သို့မဟုတ် ဖိနှိပ်ချုပ် ချယ်ခံရမှုမှ လွတ်မြှောက်ရန် မရုန်းကန်ခြင်းကြောင့်) ထိုသူတို့၏ခိုလှုံရာဌာနစခန်းမှာ ငရဲဘုံသာ ဖြစ်ပြီး ထိုဌာနသည် အလွန်ဆိုးဝါးသည့် ပန်းတိုင်ပင် ဖြစ်၏။