Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 12 — Surah Ghafir 40:12
ထိုသို့ဖြစ်ခြင်း၏အကြောင်းရင်းမှာ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်တစ်ဆူတည်းဘက်သို့ ဖိတ်ခေါ်စေတော်မူသောအခါ၊ သင်တို့က ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့်ဖြစ်၏။ သို့ရာတွင် (သက်ရှိသက်မဲ့များအနက်မှ တစ်စုံတစ်ရာကို) ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ (ယုံကြည်ကိုးကွယ်ရန် ဖိတ်ခေါ်ခြင်းခံကြရသည့်အခါ) သင်တို့က ယုံကြည်လက်ခံလေ့ရှိကြ၏။ သို့ဖြစ်ပေရာ (ယနေ့ စီရင်မှုဆိုင်ရာ) အဆုံးအဖြတ်သည် လွန်စွာမြင့် မြတ်ကြီးကဲလှတော်မူသော အလ္လာဟ်အရှင်မြတ်၏အချုပ်အခြာအာဏာ၌သာ ရှိချေ၏။