Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 40 - Ghafir
Translation by Alin U Yin — Permalink
Verse 15 — Surah Ghafir 40:15
(ထိုအရှင်မြတ်သည် လူသားဉာဏ်မီနိုင်သော ဂုဏ်ရည်အဆင့်အတန်း အားလုံးထက်) မြင့်မြတ်သော ဂုဏ်တော်အဆင့်အတန်းများနှင့်ပြည့်စုံတော်မူလျက် (တန်ခိုးဩဇာအာဏာဆိုင်ရာ) အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ထို (တမလွန်တရား စီရင်မည့်) နေ့တွင် အရှင် မြတ်နှင့်တွေ့ဆုံရမည့်အကြောင်းအား သတိပေးနှိုးဆော်စေရန်အလို့ငှာ (နာမ်လောကမှ လူသားတို့အတွက် သက်ဝင်လှုပ်ရှားစေမည့်) ဝဟီအမိန့်ထုတ်ပြန်ချမှတ်တော်မူခြင်းကို အရှင့်အစေခံ၊ အမှုတော်ဆောင်တို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းနှင့်အညီ အလိုရှိတော်မူသော သူအပေါ်ဝယ် ချမှတ်ပေးအပ်တော်မူ၏။